I am Blogger and I love writing blogs.
အေးမြတ်သူတစ်ယောက် လင်နှင့်ကွဲခဲ့တာ တစ်နှစ်ကျော်ကျော် နှစ်နှစ်နီးနီးလောက်ရှိပြီ။ လင်ဖြစ်သူက မလေးရှားဖက်ကို အလုပ် ထွက်လုပ်ရင်း ပထမတော့ လစဉ်မှန်မှန်ငွေပို့ပေးနေရာက တစ်နှစ်ခွဲခန့်ကြာတော့ ငွေပို့တာမမှန်တော့ဘဲ သုံးလေးလလောက် ကြာ မှ တစ်ခါလောက် ကြုံသလို မစို့မပို့ ငွေပို့ပေးရင်း သတင်းလည်း မသိုးမသန့်ကြားလာခဲ့ရသည်။ ရခိုင်မတစ်ယောက်နှင့် ဖြစ်နေ သလိုလို အင်ဒိုမတစ်ယောက်နှင့်ပဲ ညားသလိုလိုသတင်းကြားရသည်။ နောက်ပိုင်း ခြောက်လလောက်အထိ သူငွေပို့တာမျိုးလည်း မရှိတော့ချေ။ သူ့ဖက်က မမှန်မကန်ဖြစ်လာရာက သူတစ်ခေါက်ပြန်ရောက်လာချိန်မှာ လင်မယားချင်း အကြီးအကျယ် စကားများ ကြရင်း အေးမြတ်သူလည်း သူ့ကိုကွာရှင်းခွင့်တောင်း၍ အိမ်ကနေ အပြတ်ပင် ဆင်းချလာခဲ့လိုက်သည်။ သူမသဘောထားက ပြတ်သည်။ သစ္စာမရှိသောယောက်ျားကို တစ်သက်တာလုံး ကျွန်ခံပြီးမပေါင်းလိုတော့ဟုဆိုပြီး ဆွေမျိုးသားချင်းများက အမျိုးမျိုးနားချသော်လည်း ဘယ်လိုမှ တားမရတော့ချေ။ အေးမြတ်သူက ရုပ်ရည်လှသလောက် စိတ် လည်းတော်တော်ကြီးသည်ဟုဆိုရမည်။ သူမဇာတိမြို့မှာလည်း နေသည်ဟူ၍ မရှိတော့ဘဲ ခရီးမကြာခဏထွက်၍ ထင်သလိုသာ နေထိုင်ရင်း တစ်ခုလပ်မဘဝ၏ အနာတရ စိတ်ဒဏ်ရာကို သူ့နည်းနှင့်သူ...
Comments
Post a Comment